အမေဇုန်က ဈေးဝယ်မယ် amazon.co.uk

ကျွန်တော် ကဏန်းပေါက်စက်လိုလို့ အင်တာနက်မှာ ဘာဝယ်ရင်ကောင်းမလဲ လိုက်ရှာပါတယ်။ Casio FX-991ES ကို ရှာတွေ့ပါတယ်။ အင်တာနက်မှာ ဝယ်ရင် ဈေးကြီးတယ်လေ၊ ပို့တဲ့အချိန်နဲ့ စောင့်ရသေးတယ်ဆိုပြီး မြို့ထဲက စာအုပ်ဆိုင်မှာ ကြည့်တော့ ဒီစက်ကို တွေ့ပါတယ်။ ဈေးနှုန်းက ၃၆ ယူရိုဖြစ်နေပါတယ်။ အမေဇုန်က ဈေးက ပို့ခအပါအဝင် ယူရို ၂၂ ပဲ ကျပါတယ်။ ကဲ ဘယ်လောက်ကွာတယ်ဆိုတာ တွေ့တယ်နော်။ အမေဇုန်က ဝယ်တော့ အိမ်ကိုပို့ပို့ကို တစ်ပါတ်လောက်စောင့်ရပါတယ်။ အဓိက ကိုယ်ဝယ်တဲ့ နေရာက ဘယ်လောက်ဝေးသလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်က အင်္ဂလန် အမေဇုန်က ဝယ်ပါတယ်။ အမေဇုန် ယူကေ၊ ဂျာမဏီ၊ ဒိန်းမတ်၊ ပြင်သစ်စတာတွေရှိသလို၊ အမေဇုန် အမေရီးကား၊ အမေဇုန် ဂျပန်လည်း ရှိမယ်ထင်ပါတယ်။ ဒါပေမဲ့ အမေဇုန် ယူကေကတော့ အင်္ဂလိပ်လိုဆိုတော့ ကိုယ်လည်း ဘာသာ နားလည်ပါတယ်။ ဖင်လန်လိုနိုင်ငံမျိုးဟာ သူ့နိုင်ငံမှာ မထုတ်နိုင်သမျှ ပြင်ပတင်သွင်းတာကို အားကိုးရပါတယ်။ အခွန်ကလည်း ၂၂ရာခိုင်နှုန်းဆိုတော့ ဈေးကကြီးပါတယ်။ ဒီလို ကုန်ပစ္စည်းအဝင်အထွက် တင်သွင်းခ အခွံတွေကို လျှော့ကျစေဖို့ ဈေးကွက်စီးပွားရေး ဖွင့်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီတော့ ဥရောပအဖွဲ့ဝင်နိုင်ငံတွေကနေ စိတ်ကြိုက် ကြိုက်တဲ့ နိုင်ငံက ဝယ်ယူလို့ရသလိုဖြစ်နေပါတယ်။ ဥရောပ ဇုန်ရဲ့ ပြန်ပက ဝင်တဲ့ပစ္စည်းဆိုရင်တော့ ကုန်ပစ္စည်းတင်သွင်းခ အခွန်ထပ်မံပေးဆောင်ရပါတယ်။ ဒီတော့ အမေဇုန် ယူကေက ဝယ်ဖြစ်ပါတယ်။
ဝယ်ရာမှာ လိုအပ်တာကတော့ ခရက်ဒစ်ဒဒ် လက်ငင်းပေးကဒ်ဖြစ်စေ၊ အကြွေးကစ်လိုကဒ်မျိုးတွေနဲ့ ဝယ်ယူရပါတယ်။ သတိထားရမှာက အမေဇုန်ဆိုတာ သူကိုယ်တိုင်ရောင်းတဲ့ ပစ္စည်းလိုရှိသလို၊ လူပေါင်းစုံကလည်း အမေဇုန်မှာ လာရောင်းလို့ရပါတယ်။ အမေဇုန်မိခင်ဆိုင်က ဝယ်တယ်ဆိုရင်တော့ အတုအပ မစိုးရိမ်ရသလို၊ အခြားလူပေါင်းစုံ ရောင်းတဲ့ ပစ္စည်းဆိုရင်တော့ ကိုယ့်ပစ္စည်းဟာ စစ်ပါ့မလား စိတ်ပူရပါတယ်။
ဒါတွေကို လူတွေကလည်း ကော်မန့်ပေးနိုင်ပါတယ်။ ရောင်းသူဟာ ကောင်းသလား၊ ပစ္စည်းကောင်းသလား၊ ပစ္စည်းဆိုးသလား ကြိုက်ရင်ကြိုက်တယ်၊ မကောင်းရင်မကောင်းဘူးဆိုပြီး ရောင်းသူအားလုံးမှာ အမှတ်ပေးထားခံရတာတွေရှိပါတယ်။ ရောင်းသူဟာ ရောင်းသမိုင်းမကောင်းဘူးဆိုရင်တော့ မဝယ်ယုံပေါ့။ ကျွန်တော့ ကဏန်းပေါင်းစက်ကတော့ အမေဇုန်မိခင်ဆိုင်က ဝယ်ယူတာမို့ စိတ်မပူရတော့ပါဘူး။ အခြားဗြောက်သောက် ရောင်းသူတွေနဲ့လည်း ဈေးမကွာတာမို့ အမေဇုန်းမိန်းဆိုင်ကပဲ ဝယ်လိုက်ပါတယ်။ အမေဇုန်သဘောတရားဟာ ဈေးသယ်တွေကို အပြိုင်ပေးရောင်းတဲ့ သဘောဖြစ်ပါတယ်။ အဲဒီမှာ ဈေးအပေါဆုံးရောင်းသူကိုလည်း ရှာလို့ရပါတယ်။
အာဆီယံက နိုင်ငံတွေတော့ အမေဇုန်ပုံစံမျိုးလုပ်ဖို့ဆိုတာ ခဲယဉ်းပါသေးတယ်။ မြန်မာလိုနိုင်ငံမျိုး စစ်အစိုးရရှိနေသ၍ ခရက်ဒစ်ကဒ်ဆိုတာလည်း ရှိလာမို့ မဟုတ်သလို၊ ဈေးနှုန်းအပြိုင်အနိုင်ဆိုတဲ့ ဈေးကွက်ဟာလည်း ရှိမှာမဟုတ်ပါဘူး။ ခုဆိုကြည့်ပေါ့ဗျာ ၁၉၉၇ခုနှစ် ကားတွေကို သိန်း ၃.. ၄ ရာ ပေါက်တယ်ဆိုတာ ဘာတွေဖြစ်နေတယ်ဆိုတာ တွေ့နိုင်ပါတယ်။ မိုနိုပိုလီလုပ်နေတာပါ၊ စီးပွားရေးပိတ်စို့လို့လည်း မဟုတ်ပါဘူး၊ ဘာမှမဆိုင်ဘူး။ စစ်အစိုးရ ဈေးကွက်တွေကို လက်ဝါးကြီးအုပ်နေလို့ပါ။ ၁၉၉၇မော်ဒယ် ကားကို ကျွန်တော် ဒီမှာ မြန်မာငွေ ၁၅ သိန်းပဲ ပေးရတယ်ဆိုရင် မြန်မာပြည်က လူတွေ အံ့သြနေမယ်ထင်ပါတယ်။ ဘာပဲပြောပြော အာဆီယံရဲ့ လုပ်ဆောင်နေသေမျှ ၊ ကြိုးစားနေသမျှဆိုတာတွေဟာ ဒီမိုကရေစီလမ်းစဉ်အတိုင်း မသွားလို့ကတော့ နောက်ပြန်သွားနေတာနဲ့ တူတူပါပဲ။ အာဆီယံ နိုင်ငံသား အဖြစ်နဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့်ဆိုတာတော့၊ မြန်မာစစ်အစိုးရကို အားပေးနေသ၍တော့ လုံးဝမဖြစ်နိုင်တဲ့ ကိန်းပါပဲ။
ကျွန်တော်တို့ အာရှသားတွေဟာ၊ ဥရောပကို အတုယူပြီး၊ လုပ်သင့်တာကြာနေပါပြီ။ ဒါပေမဲ့ ဘာ့ကြောင့် ကရန်ဆူး(အရာတစ်ခုရှုံးမည်ဟု ကြောက်ရွံ့)ဖြစ်နေသလည်းဆိုတာကတော့ ၊ ဒီမိုကရေစီ အရင်းအမြစ် မရှိလို့ပါပဲ။ အာရှနိုင်ငံသားဖြစ်ပြီး၊ အာဆီယံနိုင်ငံသား အခွင့်အရေးအတွေ၊ ဥရောပနိုင်ငံသားတွေလို မရသေးတာကိုတော့ တွေးရင်း ကျွန်တော စိတ်မကောင်းဖြစ်မိပါတယ်။
။ ။
ထိုက်မင်း
Hteinkmin.com
(This blog is property of Hteinkmin.com, and all contents herein are protected by creative common license. All photos are taken by Hteink Min unless stated otherwise)







