Earth Day 2009, ကမ္ဘာမြေနေ့ ၂၀၀၉
| Earth Day 2009, ကမ္ဘာမြေနေ့ ၂၀၀၉ | | Print | |
| You can do it, I can do it, We all can do it .. a simple thing .. a thing that we all can change. Global Warming. သင်လည်းလုပ်နိုင်တယ်၊ ကျွန်တော်လည်း လုပ်နိုင်တယ်၊ အကုန်လုံးလုပ်နိုင်ကြတယ်.. အလွယ်ဆုံးအရာတစ်ခု.. အဲဒီတစ်ခုဟာ ကျွန်တော်တို့အားလုံး လုပ်နိုင်ပါတယ်။ ကမ္ဘာမြေအပူချိန်ကို ကယ်တင်ကြဖို့ပါ .. နိုင်ငံတကာမှာ ၂၈ ရက် ၃လ ၂၀၀၉ လာမည့် စနေနေ့ ၈း၃၀ မှ ၉း၃၀ အထိ လျပ်စစ်မီးလုံးဝမသုံးဖို့ ကျွန်တော်တို့ လုပ်ကြပါမယ်။ လျပ်စစ်မသုံးခြင်းအားဖြင့် ကမ္ဘာကြီးအတွက်ဘယ်လောက် ကယ်တင်နိုင်မယ်ဆိုတာ မယုံနိုင်စရာပါပဲ။ နိုင်ငံ ၇၀ နဲ့ မြို့ပေါင်း ၆၀၀ ပူးပေါင်း ပါဝင်ကြမှာဖြစ်ပါတယ်။ ကမ္ဘာနေ့မှာ လူတွေဘာလုပ်ကြမယ်ဆိုတာကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။ http://www.youtube.com/watch?v=gkq7Zady4IQ&feature=player_embedded
Kuokkala Bridge in Jyväskylä, connecting the town centre and Kuokkala over lake Jyväsjärvi. Photo: Pasparteu ဖင်လန်နိုင်ငံရဲ့ လျပ်စစ်မြို့တော်လို့ တင်စားခေါ်ဝေါ်ခံရတဲ့ ယူဗာစကူးလားမြို့လေးဟာလည်း သူ့ရဲ့ အလှအပ မီးဆိုင်းများကို ၁ နာရီကြာအောင် ပိတ်မှာဖြစ်ပါတယ်။ အဲဒီအထဲမှာ နာရီစင် နဲ့ ကူအိုကာလာ တံတားပါဝင်မှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဖယောင်းတိုင်တစ်တိုင်နဲ့ သူငယ်ချင်းတွေနဲ့အတူ မြို့ထဲမှာ ပျော်ရွှင်ကြပါမယ်။ မီးအမြဲလာနေတဲ့ နိုင်ငံတွေအဖို့တော့ ဒါဟာ တော်တော်လုပ်ယူရမယ်လို့ စဉ်းစားပြီးအံ့သြနေပေမဲ့၊ မြန်မာပြည်က ပြည်သူများကတော့ .. ဟားဟားဟား လို့ ရယ်မောနေကြမှာကြိမ်းသေပါတယ်။
၁ နာရီလောက်ကတော့ ရယ်တာပေါ့ဗျာ ... (စာဖတ်ပြီးရင် သူငယ်ချင်းတွေ Forward လုပ်ပေးပါ . ကမ္ဘာကြီးကို ချစ်ရင်ပေါ့)
|








0 ယောက်ပြောသွားတယ်:
Post a Comment