၉ ယောက်က ၁၀ ယောက် ဖြစ်ပြန်ပြီတဲ့ ဗျား(
ဒီနေ့ ကျောင်းရောက်တော့ ဒီအကြောင်းပါပဲ။ ထိုင်ပြောဖြစ်ကြတယ်။ ဘာ့ကြောင့် အပြစ်မဲ့သူတွေကို ပစ်ခက်ချက်သလဲပေါ့။
ဘယ်သူမှ စိတ်မကောင်းကြပါဘူး၊ ဆရာက ဒီနေ့ ကျောင်းအပြင်လျှောက်သွားမယ်ပြောတယ်။ ကျောင်းထဲမှာ နေရတာ သိပ်စိတ်မချသလို့ပဲ ၊ ကျွန်တော် ကျောင်းတက်ချင်စိတ်မရှိပါဘူး။ ဒါပေမဲ့ ရောက်အောင်တော့ သွားခဲ့တယ်။
ကျောင်း တစ်ဆောင် နှင့် တစ်ဆောင်ကို ဆက်ထားတဲ့ လူသွားလမ်းပေါ့။ ဒီနေ့ ကျောင်းသားတွေ သိပ်မရှိဘူး ..
ဘာဆုတံစိပ်တွေလည်း မသိ၊ ကပ်ထားတော့ တန်းစီနေတာပဲ။ စာတွေလည်း ရေးထားသေးတယ်။
ကျွန်တော့ ကျောင်းနာမည်ပေါ့။ ao တဲ့ Aikuis Opisto ၊ Adult School လို့ ဆိုလို့ရပါတယ်။ လူကြီးကျောင်းပေါ့ .. ကြီးပြီလေ ကလေးဟုတ်တော့ဘူးး(
ဒီနေ့ မြေပုံတွေ ကြည့်တတ်အောင် ဆရာက သင်ပေးတယ်။ကျွန်တော့တော့ ဓါတ်ပုံတာရိုက်နေမိတယ်။ ဒီမြို့ထဲ မြေပုံလိုပါဘူး၊ GPS က ပိုအသုံးဝင်သလားလို့ .. မြေပုံက ဘယ်ဘက်သွားပါ မှ မပြောတား(
ဘတ်စ်ကားကြီးလာလို့ ၊ ဘတ်စ်ကားမစီးတာလည်း ကြာပြီ
ဆရာက ကာယ ဆရာဆိုတော့ ရှေ့ဆုံးက .. တော်တော်သွက်ပါတယ်
အလံတွေက နေရာရောက်တိုင်း တစ်ဝက်လွှင့်ထူထားတယ်။ ကြည့်လိုက်တိုင်း စိတ်မကောင်းဘူး
ဆရာက ရောက်တဲ့ လမ်းကွေ့တိုင်း ရှေ့ကလမ်း ဘာလမ်းလဲဆိုတာကို မေးနေလို့ ၊ ရအောင်ဖြေနေကြတာလေ
Pitka က ရှည်တယ် ၊ Katu ကတော့ လမ်းပေါ့ ။ပစ်တကာ ကာတူ ဆိုတော့ လမ်းရှည်ကြီးပေါ့နော်။ လမ်းကတကယ်လည်း ရှည်ပါတယ် ဆုံးကို မဆုံး နိုင်ဘူး။
ဒီနေ့ နေသာနေတယ်။ တော်သေး၊ ဟိုနေ့က မြူတွေကျနေတာ ရှေ့မှာလာနေတဲ့ စက်ဘီးတောင် မမြင်ရဘူး
ဒီနိုင်ငံမှာ လူကူးမြင်းကြားတွေ ၊ ဆိုင်းဘုတ်တွေကလည်း ပေါမှပေါ့ ကားမောင်းရင် ဘာကြည့်ရမှန်းတောင် မသိ
တစ်ခါတလေကြတော့ လည်း လူတွေမပါတာက ပိုလှတယ်။ ဒါပေမဲ့ လူတွေလုပ်ထားလို လှနေတာလည်း ပါမှာပါ။ လူမပါပဲ ဒီလူ့ဘဝမှာ နေလို့ရတာမှတ်လို့
အရုပ်ကလေးလည်း သွားရာနောက် လိုက်ရရှာတယ်။ နေထွက်လို့ သူလည်း ပျော်နေတယ်ထင်တယ်။
အပင်တွေကလည်း ပေါ။ မြို့လယ်ခေါင် တောလို့တောင် ပြောလို့ရတယ်
အရွက်တွေကြွေကုန်ပြီ၊ နွေကုန်ပြီပေါ့ . ဝတ်ပေဦးပေါ့ အနွေးထည်။ သဘာဝကတော့ လှနေတာပါပဲ လူတွေကသာ ..
ဘယ်ကြည့်ကြည့် အလံတွေ တစ်ဝက်၊ မြန်မာပြည်မှာ ဒီလို လုပ်ပေးရင် သိပ်ကောင်းမှာပဲ ..
မြို့လယ်ခေါင်မှာ သွားလာလှုပ်ရှားနေတဲ့သူတွေကလည်း ပုံမှန်ပါပဲ ..
ဒါ ကျွန်တော်တို့ မြို့ရဲ့ နာမည်ကြီး လမ်းမကြီပေါ့နော်။ လမ်းမကြီးဆိုလို့ သေးသေးလေးပါး)
ကင်မရာတွေ ကတော့ တပ်ထားသား၊ ပြီးတော့ ရဲတွေ ဘာမှလုပ်နိုင်တာ မဟုတ်ဘူး။ ဟိုပစ်တဲ့သူက မပစ်ခင် youtube မှာ ဗီဒီယို တင်ထားတာကို သူတို့ သိတယ်။ ကြည့်ရတာ သေနတ်ပစ်တဲ့သူ၊ သေနပ်ဝယ်ထားတဲ့ လူငယ်တွေကို မျက်ခြေမပျက် ကြည့်နေတယ်ထင်တယ်။ သူ့ကို တနင်္ဂလာနေ့မှာ အင်တာဗျူးခဲ့သေးတယ်။ ရဲတွေက သူ့ကို ဘာ့ကြောင့် Youtube မှာတင်သလဲဆိုတာ။ အဲဒါ သေနတ် မသိမ်းလိုက်ဘူး၊ ဘိုးတော်တွေက ၊ ခုတော့ မလိုအပ်ပဲ ကျောင်းသားတွေသေ။ ရဲတွေတော့ မကြာခင် အထောင်းခံရတော့မယ်း) ပျော်တာ .. သူတို့မှာလည်း တာဝန်ရှိတယ်။ သေနတ်ကိုင်ခွင့်ကို သူတို့ပဲ ချပေးကြတာလေ ..
ဒါကတော့ အိမ်ရှေ့ အလံပေါ့ .. ဒီနိုင်ငံမှာ ကြိုက်တဲ့ အလံကို ကိုယ်အိမ်ရှေ့မှာ ထောင်ခွင့်ရှိပါတယ်။ ကျွန်တော်လည်း ထောင်ဦးမယ်။ ခက်တာက အလံမရှိ..း( .. ဒီနေ့ ကျောင်းမှာ ၁၀ နာရီထိုးတော့ အားလုံး ၁ မိနစ် ငြိမ်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ကြတယ်။ တစ်နိုင်ငံလုံး လုပ်ရတာပါ။ အားလုံးက ငြိမ်နေတော့ တစ်မိနစ် ပြည့်တာ ဘယ်လိုလုပ် သိမလဲလို့ စိတ်ထဲ တွေးမိသေးတယ်။ ကျွန်တော့ ဆရာက နာရီကြည့်ပေးနေတယ်လေ .. တော်သေး။ အတန်းထဲမှာ ပစ်မှုကိစ္စတွေ ဘာကြောင့်လည်း လို့ ဝေဖန်ခဲ့ကြတယ်။ ကျွန်တော်ကတော့ ရာသီဥတုလို့ ပြောခဲ့တယ်။ ရာသီဥတုပါပဲ လူတွေကို ရူးအောင်လုပ်နေတာ.. အေးလွန်းတော့ လူတွေ အပြင်မထွက်၊ စကားမပြော၊ အားလုံး ဂေါက်တောက်တောက်တွေ ဖြစ်ကုန်တာလေ ..







4 ယောက်ပြောသွားတယ်:
ဪ..ဆရာလေးရယ် အလံ မရှိတာများ နီးရာက ခိုးလိုက်ပေါ့..........
အနိုးနီးမတ် ခိုးခံရဘူးတိုင်း သူများကို လိုက်မခိုးခိုင်းပါနဲ့ဗျာ.. ခိုးတဲ့အလုပ်ဆိုတာ လောကကြီးမှာ သုံးစားလို့မရလောက်အောင် အသုံးမကျလို့ သူ့များ ရှာထားရတဲ့ ပစ္စည်း ခိုးစားပြီး ဘဝကို ဆက်လက် ရှင်သန်အောင် လုပ်နေရတဲ့သူတွေပါ .. အလိုလူများထဲမှာ ခင်ဗျားလည်း ပါနေတယ်ဆိုရင်တော့ ကျုပ်ဝမ်းနည်းပါတယ်
ကျွန်တော်က ဘော်ဘော်လို စလိုက် တာပါ ဆရာလေးရယ်
စိတ်ဆိုးသွားလား စိတ်မဆိုးရဘူးလေ တောင်းပန်တယ်နော်........
ဪ ။။
ရာသီဥတု ပူတော့ လူတွေ သွေးဆူကြတယ်
ရာသီဥတု အေးတော့ လူစိတ်တွေ ကျ နေကြတယ် ။
ဘယ်ဟာ မှ မကောင်းပါဘူး ။
ရာသီဥတု က သူ့ ဟာသူ နေ နေတာပါ
လူတွေက သူ့ ကို တရားခံ ရှုာ နေကြ တယ် နော်
ကိကိ
Post a Comment