နအဖသတင်းစာက ပြောတယ်၊ သန်းရွှေလူသတ်သမားတဲ့။
**"Ewhsnahtrellik" = Killer Than Shwe ပါတဲ့ဗျား** ရေးထားတဲ့ -
နအဖရဲ့ မြန်မာတိုင်းမ်စ် (TIMES) အင်္ဂလိပ်လိုထုတ်တဲ့ထဲမှာ "Killer Than Shwe" ဆိုပြီး ရေးထားတယ် ဆိုပါလား။
Feel Relaxed, Enjoy Everything, Dance On Minutes!
ဆိုတဲ့ ကဗျာလေးမှာလည်း FREEDOM ဆိုပြီး ဖေါ်ပြထားပါသတဲ့။
တနင်္လာနေ့ ထုတ် နအဖပိုင် မြန်မာတိုင်းမ်စ် (Myanmar Times) အင်္ဂလိပ်ဘာသာ သတင်းစာထဲမှာ သန်းရွှေလူသတ်သမားလို့  ရေးထားပါတယ်။
ခရီးသွားလုပ်ငန်းကြော်ငြာ ထည့်တဲ့ထဲမှာ ပါတာပါ။ စကန်းဒီနေးဗီးယားနိုင်ငံ တွေကနေ မြန်မာနိုင်ငံကို တိုးရစ်ခေါ်တဲ့ကြော်ငြာမှာ အုန်းပင်လေးနဲ့  နေလုံးဖေါ်ပြထားပါတယ်။
စာသားက "beautiful country and friendly people." ရေးထားပါတယ်။ ပြီးတော့ အောက်ဖက်မှာ "Ewhsnahtrellik." ဆိုပြီး ဒိန်းမတ်ဘာသာစကားလိုလိုနဲ့ ရေးထားတာပါ။ အဲဒီစကားလုံးကို ပြောင်းပြန်ပြန်ဖတ်ရင် "killer than shwE." လို့ တွေ့ မှာပါ။
စစ်အစိုးရတွေကို ဒီလိုမျိုး လျှို့ ဝှက်စာသားလေးတွေထည့်ပြီး ပညာပေးလေ့ရှိတဲ့
Danish-based Surrend လို့ ခေါ်တဲ့  satirical art group အဖွဲ့ က ကြော်ငြာထည့်လိုက်တာပါ။
"Ewhsnahtrellik" = Killer Than Shwe ပါတဲ့ဗျား။
ဤအကြောင်းကို နိုင်ငံတကာ သတင်းစာမှာလည်း ဖော်ပြထားပါသေးတယ်
ကိုနစ်နေမန်းဆီမှ ပြန်လည်ကူးယူဖော်ပြ ထားခြင်းဖြစ်ပါတယ်။
။ ။
မင်းမင်း
(စာလုံးပေါင်းအမှားတွေ တွေ့ရင်လား ဒါဆို မပြင်ရသေးဘူး။ အမှားတွေ ပြင်ပေးဖို့ Tender ခေါ်ထားတုန်း၊ အမှားတွေ မတွေ့တော့ဘူးဆိုရင် ဒါဆို ပြင်ပြီးပြီ .. ပြင်ပြီးပြီဆိုပေမဲ့ စာလုံးပေါင်းအမှားတွေ ရှိနေဦးမှာပါ...အဲဒီတော့ အမှားများတွေ့ရင် ပြင်ပေးကြပါဗျာ . ကျေးဇူးတင်ပါသည်)







0 ယောက်ပြောသွားတယ်:
Post a Comment