Sunday, 1 July 2007

အာဇာနည်ခေါင်းဆောင်ကြီးများအား ခေတ်မီ အလေးပြုနည်း

ဘလော့ဂါမိတ်ဆွေများသို့  အထူးမေတ္တာရပ်ခံချက်

** ဤCoding အား အသိများ၊ သူငယ်ချင်းများအား ကူးယူဖော်ပြခွင့် နှင့် အသုံးပြုခွင့်ပေးသည်။**

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်များ ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၆၀ တိုင်တော့မည် ဖြစ်ပါသည်။ ထို အာဇာနည် ၉ ဦးအား နှစ်အဆက်ဆက် ဂုဏ်ပြုခဲ့သည်မှာ ကျနော်တို့ ၁၉၈၈ နောက်ပိုင်း အစိုးရလက်ထက်တွင် မှေးမှိန်ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ပါသည်။ ထိုအာဇာနည် ၉ ဦးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့ ဖြစ်ကြပါသည်။

ကျနော်တို့ ဘလော့ဂါများမှလည်း နိုင်ငံ၏ သားကောင်းရတနာများ ဖြစ်သည်နှင့် အားလျော်စွာ ထို အာဇာနည် ၉ ဦးကို သိတတ်သည်နှင့်အညီ ဂုဏ်ပြုရမည့် ၀တ္တရား ရှိပါသည်။တိုင်းပြည်အတွက် သိတတ်သော ဘလော့ဂါများအနေနှင့် ထိုပုဂ္ဂိုလ်ကြီးများအား ဂုဏ်ပြုသောအနေနှင့် အာဇာနည်နေ့ အထိမ်းအမှတ်ပုံများကို မိမိတို့ ဘလော့ တစ်နေရာတွင် ယနေ့ ဇူလိုင် ၁ ရက်နေ့မှ စ၍ ဇူလိုင် ၁၉ ရက်နေ့ အထိ ချိတ်ဆွဲပေးထားကြပါရန် ကျနော်တို့  အားလုံးမှ မေတ္တာရပ်ခံအပ်ပါသည်။

ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု
ဤဆောင်းပါးသည် မသဒ္ဓါဆီမှ ကူးယူထားသည်။သို့သော် ဂုဏ်ပြုထားသော အထက်ပါပုံများသည် ကိုကဒေါင်းညင်သာ ၏ လက်ရာများဖြစ်ပါသည်။

မသဒ္ဓါဆီတွင် ကူးယူရန် ဆောင်းပါးရေးထားသော်လည်း ဘယ်လိုကူးယူရမည်ဆိုသည်ကို မသိသူများအတွက် ပိုမို အဆင်ပြေစေရန်ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါသည်။ အောက်ပါ Coding အား ကိုယ်ဖော်ပြလိုသော စာမျက်နှာနေရာတွင် ရေးသားလိုက်လျင် ပေါ်လာမည်ဖြစ်သည်။ ဤCoding အား အသိများ၊ သူငယ်ချင်းများအား ကူးယူဖော်ပြခွင့် နှင့် အသုံးပြုခွင့်ပေးသည်။

ဇူလိုင် (၁၉) အာဇာနည်နေ့  ဒို့မမေ့

ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု

(ဤနေရာမှ ရယူ၍ ဂုဏ်ပြုပါ )

မင်းမင်း

(စာလုံးပေါင်းအမှားတွေ တွေ့ရင်လား ဒါဆို မပြင်ရသေးဘူး။ အမှားတွေ ပြင်ပေးဖို့ Tender ခေါ်ထားတုန်း၊ အမှားတွေ မတွေ့တော့ဘူးဆိုရင် ဒါဆို ပြင်ပြီးပြီ .. ပြင်ပြီးပြီဆိုပေမဲ့ စာလုံးပေါင်းအမှားတွေ ရှိနေဦးမှာပါ...အဲဒီတော့ အမှားများတွေ့ရင် ပြင်ပေးကြပါဗျာ . ကျေးဇူးတင်ပါသည်)

3 ယောက်ပြောသွားတယ်:

Yan said...

ကျေးဇူး ကိုမင်းမင်း
ကျွန်တော်လာယူသွားတယ်. နောက်နောင်များမှာလည်း ဒီလိုမျိုး အများအကျိုးသယ်ပိုးနိုင်ပါစေဗျာ..

တပြည်သူ အိမ့်ချမ်းမြေ့ said...

Thanks Ko Min Min,

I took the codes from you.

lu khit said...

kya soune thwarr thaww myanmar gone sown gyi ko layy sarr swar alayy pyut par the khin byar