၈၈၈၈ မမေ့စရာနေ့အတွက် ဂုဏ်ပြုကြရအောင်
၈၈၈၈ လေးလုံးနေ့မှာ ကျွန်တော် ၃နှစ်သားတောင် မပြည့်သေးပါဘူး။ ဒီလို လူတွေသေကြေခဲ့ကြတဲ့ နေ့မှာ ကျွန်တော်ဟာ နှပ်ချည်းတွဲလောင်း ကလေးအရွယ်ပေါ့ဗျာ။
**ပုံသေဆိုဒ်ကို မဲပေးပြီး ဘယ်ဆိုဒ်ဟာ အားလုံးအတွက် သင့်တော်**
အခုဆို ၈၈၈၈နေ့ ဘာတွေ ဖြစ်ခဲ့သလိုဆိုရင် အဖေ သို့ အမေ့ကို မေးရပါတယ်။ ဒီလို ပြည်သူတွေ သွေးနဲ့ ရင်းပြီး ၊ မဆလ ဆိုတဲ့ အာဏာရှင် အစိုးရကို ဖြုတ်ချခဲ့တာ ကျွန်တော်တို့ အတွက် မမေ့နိုင်စရာပါ။
အပြစ်မဲ့တဲ့ ဆရာမိဘတွေ၊ ကျောင်းသားတွေ၊ သူငယ်ချင်းတွေ၊ သူနာပြုသူတွေ၊ ဘုန်းကြီးတွေ အားလုံး သေကြေခဲ့ကြတဲ့ နေ့ဟာ မြန်မာပြည်ရဲ့ စာလောင်မွန်းသိပ်နေတဲ့ ပြည်သူတွေအားလုံးဟာ သူတို့ မြင်စေချင်တဲ့ မြန်မာနိုင်ငံကြီး ပြန်လည်ထူထောင်နိုင်ဖို့ရန်အတွက် အသက်နှင့် ရင်းပြီး ကြိုးစားခဲ့ကြတာပါ။ သို့ပေမဲ့ ကျွန်တော်တို့ရဲ့ တိုက်ပွဲပြီးသွားပြီလား ဆိုတော့ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ ဆက်လက်ပြီး အာဏာရှင် အမြစ်ကို ဖြုတ်နေတုန်းပါပဲ။ ဟာ မင်းတို့က ဖြုတ်တာဖြုတ်နေတယ် ဘယ်မှာ ပြုတ်လို့လဲ လို့ မေးချင်ကြတဲ့ လူတွေရှိမယ်။ ကျွန်တော်က ပြန်မေးလိုက်ချင်ပါတယ်၊ အပင်တစ်ပင်ကို အမြစ်က ဖြုတ်ပြီး ဖြိုလဲချင်တယ်ဆိုရင် ၊ ဘယ်လောက်ပင် ခိုင်ပါစေ၊ တစ်နေ့ မုချ အမြစ်ပြုတ်မယ်ဆိုတာ ပြည်သူတွေ ယုံကြည့်ကြလို့ပါ။
ကျွန်တော်မှတ်မိတဲ့ ၈၈၈၈ ဆိုတာ ဇဝေဇ၀ါ။ ကျွန်တော် အသက်ကြီးပြင်လာခဲ့တဲ့ အထိ ၈၈၈၈ နောက်ဆက်တွဲ ၊ စစ်အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ ကြီးပြင်းလာခဲ့ရတာပါ။ သို့သော် ၈၈၈၈ ဆိုတာ ဘာတွေလဲ ၊ ဘာတွေဖြစ်ခဲ့ကြတာလဲဆိုတာ ပြောပြသူတွေကလွဲလို့ ကျွန်တော် မျက်လုံးနှင့် မြင်ခွင့်မရခဲ့ပါ။ နိုင်ငံကထွက်လာခဲ့တော့ ၈၈၈၈ ဆိုတာ သူတို့ ဖုံးကွယ်နေပေမဲ့ ကျွန်တော်မြင်ခဲ့ရပြီ။ ရက်ရက်ဆက်ဆက် အပြစ်မဲ့ ပြည်သူတွေကို ပြစ်သတ်ခဲ့ကြတဲ့ စစ်သားတွေ။ ပင်လယ်လိုပဲ ပေါများလှတဲ့ ပြည်သူတွေ လမ်းမပေါ်တက်လို့ သူတို့ ဖြစ်စေချင်တာတွေကို ဆန္ဒပြခဲ့ကြတယ်။ ဘယ်နားရယ်ဆိုတာ ကျွန်တော်မမှတ်မိ၊ ဗီဒီယိုထဲမှာတော့
“ မပြေးကြပါနှင့်၊ မပြေးကြပါနှင့် ”
အော်သံတွေကြားထဲမှာ ၊ ကိုယ်အသက်ကို ပြန်လည်ရယူဘို့ ကြိုးစားနေကြတဲ့ ပြည်သူတွေ။ ညောင်ပင်အောက်မှာ ပင်နီအင်္ကျီဝတ်ထားပြီး သေနတ်မှန်သွားတဲ့ မိန်းမကြီး၊ သူသေနတ်မှန်ပြီး ဘာမှတောင် ဆက်မလုပ်နိုင်၊ မှန်တဲ့ နေရာမှာပဲ လဲကျသွားတယ်။ သေနတ်မှန်တဲ့ နေရာကို လက်ဖြင့်ဖိပြီး ဖြည်းဖြည်းခြင်း လဲသွားတယ်။ သူ့အနောက်က ညောင်ပင်အနောက်မှာလည်း ပြားပြားဝပ်အောင် ပုန်းနေရတဲ့ ပြည်သူတွေ။ လမ်းမပေါ်မှာလည်း သွေးတွေလား၊ မိုးရေတွေလား ကျွန်တော် မျက်လုံးက ဝေခွဲလို့မရ။ သို့သော် သေနတ်ပြစ်သံတွေကတော့ ရပ်သွားတယ်မရှိ။ ဒီလိုဖြစ်နေတဲ့ကြားက ဆက်ရိုက်ဆက်ရိုက်လို့ ပြောနေတဲ့ ကင်မရာ သမားကိုလည်း ချီးကျူးမိပါတယ်။ သူရိုက်ခဲ့လို့ ခု ၈၈ နောက်ပိုင်း လူငယ်တွေ ပြန်လည်မြင်ခွင့်ရတာပါ။ နောက်ပိုင်း နိုင်ငံခြားက ရိုက်ကူးသွားတဲ့ Beyond Rangoon ဆိုတာလည်း ကျွန်တော့အဖေ၀ယ်ထားလို့ ကြည့်ဖြစ်တယ်။ ထိုးဇတ်ကားထဲမှာ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ရဲ့ သေနတ်ချိန်ထားတာကို သတ္တိရှိစွာ ကျော်ဖြတ်သွားတာကို ပြသခဲ့တယ်။
၈၈၈၈ လုံးဆိုတာ ကျွန်တော်ကိုယ်တိုင် မျက်လုံးနှင့် တွေ့ခဲ့လည်း တွေ့မယ်၊ သေနတ်သံတွေကြားချင်လည်း ကြားမယ်။ ကျွန်တော်အဖေက ပြောပြဖူးတယ်၊ ကျွန်တော်ထိုအချိန်တုန်းက အမေ့ကို မြေအောက်ကျွင်းတူးပြီး ပုံးကြဖို့ ပြောခဲ့တယ်။ သို့သော် ကျွန်တော် မှတ်မိတာတစ်ခုပဲရှိတယ်။ ထိုအချိန်တုန်းက တီဗွီဆိုတာ အိမ်တိုင်းမှာ မရှိကြဘူး။ ကျွန်တော်ကြီးပြင်းခဲ့တဲ့ မြို့လေးမှာ တီဗွီပြစားတဲ့ ရုံ ၂ရုံ ရှိတယ်။ ၂ရုံလုံးက ထို အချိန်မှာ စီးပွားရေး မလုပ်ကြဘူး။ မငြိမ်သက်နေတဲ့ အချိန်မို့ စီးပွားရေးမလုပ်တာလို့ အမေပြောလို့ သိရတယ်။ သို့ပေမဲ့ တစ်ရုံက ညဘက်ဆို မြန်မာ့ရုပ်သံမှလာတဲ့ သတင်းကို ပြတယ်။ အမေတို့ သွားကြည့်ကြတယ်၊ ကျွန်တော်လည်း ပါတာပေါ့။ တီဗွီကြီးက တော်တော်အိုတယ်ဗျ၊ တီဗွီမပြခင် မြန်မာ့ရုပ်သံလှိုင်းကို ဖမ်းကြတယ်။ ခုထက်ထိ မှတ်မိနေတာ၊ လူခေါင်းတွေ။ သို့သော် ကျွန်တော် အခု ပြန်လည် တွေးကြည့်မိတော့ ထိုခေါင်းတွေဟာ ဓါတ်ပုံလေးတွေ တန်းစီပြီး ပြထားတာလား ၊ သို့မဟုတ် တကယ်ဖြတ်ထားတဲ့ ခေါင်းတွေကို ဆင်ပေါ်တင်ပြီး ဗီဒီယိုရိုက်ပြတာလား ဆိုတာ ကျွန်တော်လုံးဝမမှတ်မိတာ။ ကလေးဘ၀မို့ ထို ခေါင်းဖြတ်မှုဆိုတာကြီးကို လုံးဝမေ့မရပါဘူး။ နောက်ပိုင်း ကျောင်းသွားရင် နောက်ဖေးလမ်းကြားက မသွားနှင့် ခေါင်းဖြတ်လိမ့်မည်ဟု ဆိုတာတွေလည်း ကျွန်တော့ ငယ်သူငယ်ချင်းတွေ ပြောကြတာကို မမေ့နိုင်ပါဘူး။ ဒီလို ဆိုးဝါးလှတဲ့ အဖြစ်အပျက်တွေကို ကျွန်တော်ကိုယ်တိုင် မျက်လုံးနှင့် တီဗွီမှာ မြင်ခဲ့ရတယ်။ ဒီအရွယ် ကလေးတွေဟာ ဒါမျိုးတွေကို မြင်သင့်ပါသလား၊ ပြရော ပြသင့်ပါသလား။ သို့သော် ကျွန်တော့တွင် ကြောက်စိတ်ဆိုတာတော့ ဖြစ်ခဲ့တယ်။
ဒီတော့ ကျွန်တော်မေ့လို့မရသလို၊ ၈၈၈၈နောက်ပိုင်း လူငယ်လူရွယ်တွေကို မေ့မသွားအောင်လည်း လုပ်ရမှာ ကျွန်တော်တို့ရဲ့ တာဝန်တွေဖြစ်တယ်။ အောက်ပါပုံဟာ ကိုနစ်နေမန်း ဆီမှ ရယူထားပါတယ်။ ဒီဇိုင်းမူရင်းကို ကိုမြိုးရဲ့ လက်ရာလို့ ရေးထားပါတယ်။ ဒီဇိုင်းဟာ ပြောင်မြောက်လှပါတယ်။ သို့သော် ကျွန်တော်တို့ အတွက် စဉ်းစားရာ တစ်ခု ဖြစ်လာပါတယ်။ ကျွန်တော်တို့ရဲ့ ဘလော့ စာမျက်နှာတွေဟာ သေးလှပါတယ်။ ကွက်ရက်စာမျက်နှာဟာ သေးတဲ့ အတွက် ဓါတ်ပုံတင်တဲ့အခါ သူယူမည့် နေရာရယ်၊ ဓါတ်ပုံတင်လိုက်တဲ့အတွက် ကွန်ရက်ပေါ်ကို တက်ကြည့်ကြမည့်လူတွေရဲ့ အချိန်ကိုလည်း အလေးထားရပါမည်။ ဥပမာ ကိုယ့်တင်ထားတဲ့ ပုံဟာ အရမ်းကြီးရင် ဖတ်တဲ့သူဟာလည်း စောင့်စိုင်းရမှာပါ။ သို့ကြောင့် တင်ထားတဲ့ပုံဟာလည်း မကြီး၊ မလေးဖို့ လိုပါတယ်။ ပုံသေးသွားတဲ့အတွက် အထဲမှာ ရေးထားတဲ့ စာကိုလည်း ဂရုပြုရပါတယ်။ ပုံအရမ်းသေးသွားရင် စာကို ဘယ်လိုမှ ဖတ်မရတော့ပါဘူး။
အောက်တွင် ဓါတ်ပုံ၂ပုံ၏ မူရင်းနှင့် ချုံ့ထားတာကို ဖောပြပေးထာပါတယ်။ သင်ဘယ်ပုံက စာကို ပိုဖတ်လို့ရပါသလဲ။ ကျွန်တော်တို့ ဘလော့ဂါများအနေနှင့် ဒီလို စည်းစည်းရုံးရုံး အလုပ်လုပ်ကြတဲ့အခါ၊ ပုံသေသက်မှတ်ချက်တွေလိုလာပါတယ်။ ဒီပုံတွေဟာ ဘလော့စာမျက်နှာ အလယ်မှာတော့ နေကြမှာ မဟုတ်ပါ။ သူတို့ဟာ ပုံသေ ဘယ်ဘက် သို့ ညာဘက်မှာ တင်ထားကြမှာပါ။ ဒီတော့ ဘလော့ဂါတွေဟာ ဘယ်နှင့် ညာမှာ ထားတတ်ကြတဲ့ နေရာကွာဟ မှုကို ပုံသေ သက်မှတ်နိုင်ကြရင် ကောင်းမှာပါ။ သို့မှ ဓါတ်ပုံဒီဇိုင်းဆွဲတဲ့လူလည်း ပုံသေ ခန့်မှန်းလို့ ရမှာပါ။ ပုံသေဆိုဒ်ကို သိတဲ့ အခါကြတော့ စာလုံးဘယ်လောက်ကြီးရင် စာဖတ်သူ မြင်နိုင်မယ်၊ သို့မဟုတ် မမြင်နိုင်ဘူးဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဒီအတွက် ကျွန်တော် ဘလော့ဂါတွေ အဆင်ပြေစေနိုင်မည့် ပုံသေဆိုဒ်ကို မဲပေးပြီး ဘယ်ဆိုဒ်ဟာ အားလုံးအတွက် သင့်တော်စေမယ်ဆိုတာ သိနိုင်မှာပါ။ ဒီအတွက်လည်း ဘလော့ဂါများအနေနှင့် မဲပေးကြဖို့ တောင်းဆိုချင်ပါတယ်။
ဓါတ်ပုံ ၂ပုံ ကျွန်တော်တို့ ရထားပါတယ်။ အောက်ပါပုံ ၂ပုံဟာ ကျွန်တော့ ဘလော့အတွက် ဖြစ်နိုင်ချေရှိတဲ့ ဆိုဒ်ကို ချုံ့လိုက်တာ ဖြစ်ပါတယ်။အောက်ပါကုဒ်ဟာ ၈၈၈၈ နေ့အတွက် အမှတ်ရစေရန် ကျဆုံးသွားကြတဲ့ အပြစ်မဲ့ ပြည်သူတွေကို ဂုဏ်ပြုဖို့ဖြစ်ပါတယ်။ ကြိုက်တဲ့ နေရာမှာ ထည့်သွင်းနိုင်သလို၊ သူငယ်ချင်းများကို ပြည်လည်မျှဝေပေးပါက ပိုလို့ ကျေးဇူးတင်မိပါတယ်။
ပထမပုံ
အပေါ်ပါပုံမှာ တစ်ချို့အဓိကစာသားတွေဟာ ပျောက်နေပါတယ်။ သို့ကြောင့် ကျွန်တော် ပြင်ချင်ပေမဲ့ ကျွန်တော့ ဓါတ်ပုံပြင်တဲ့ စက်က လက်တလော သုံးမရဖြစ်နေပါတယ်။သို့မဟုတ် စာဖတ်သူတွေက အပေါ်ပုံက စာကို ဖတ်လို့ရတယ်ဆိုလည်း လွယ်လင့်တကူ တင်လို့ ရအောင် ကျွန်တော် ကုဒ်ရေးပေးလိုက်ပါတယ်။
၈လေးလုံးနေ့ မမေ့စရာ
လှေခွက်ချည်းကျန်အလံမလှဲ
ဒုတိယ ပုံ
၁၉နှစ်မြောက် ၈လေးလုံးနေ့ မမေ့စရာ
လှေခွက်ချည်းကျန်အလံမလှဲ
မင်းမင်း
(စာလုံးပေါင်းအမှားတွေ တွေ့ရင်လား ဒါဆို မပြင်ရသေးဘူး။ အမှားတွေ ပြင်ပေးဖို့ Tender ခေါ်ထားတုန်း၊ အမှားတွေ မတွေ့တော့ဘူးဆိုရင် ဒါဆို ပြင်ပြီးပြီ .. ပြင်ပြီးပြီဆိုပေမဲ့ စာလုံးပေါင်းအမှားတွေ ရှိနေဦးမှာပါ...အဲဒီတော့ အမှားများတွေ့ရင် ပြင်ပေးကြပါဗျာ . ကျေးဇူးတင်ပါသည်)
3 ယောက်ပြောသွားတယ်:
ညီလေး မင်းမင်း...လေးစားပါတယ်။ လူငယ်ပေမဲ့ စိတ်ဓါတ်ရှိတာကို.. အကို က ၈လေးလုံးမှာ နောက်ဆုံးနှစ်ကျောင်းသား၊ နယ်စပ်ရောက်...တဖြေးဖြေး ကယ်လီဖိုးနီးယားကိုရောက်...အခုလည်း အယ်အေမှာ ၈လေးလုံး လုပ်ဖို့ လုပ်နေတယ်။ ညီလေးရဲ့ ဒီဆိုင်းတွေကို ယူသုံးချင်တယ်။ ခွင့်ပြုပါ။
ကျွန်တော်တို့ ဒီမှာလည်း ၈၈၈၈ နေ့အတွက် ဘာတွေရှိမလဲ မသိဘူးဗျ. ရှိရင် ၀င်ပါချင်ပါတယ်။ ဓါတ်ပုံတွေက ကျွန်တော်လုပ်ထားတာမဟုတ်ပါ. သို့သော် လုပ်ထားသူတွေကလည်း အများသုံးဖို့ဆို ဖြန့်ထားတာဆိုတော့ ကွိုင်မရှိပါ. ယူသုံးလို့ ရပါတယ်။
ကိုမင်းမင်း
အသက်မခန့်မှန်းနိုင်လို့ကိုတပ်ခေါ်လိုက်ပါတယ် ၈၈၈၈တုန်းကကျနော်က ၁တန်းပဲရှိသေးတယ်။
ဒါပေမဲ့ခံယူချက်ကတော့ အတူတူပါပဲလို့သဘောထားပေးပါ။
Post a Comment