Friday, 6 November 2009

N900 ကြာပြန်ပြီတဲ့ ၄၈့ ပါတ်


ကျွန်တော် ဖုန်းမဝယ်ဘဲ စောင့်နေတာ ကြာရောပေါ့.. ဘယ်ဖုန်းဝယ်ရင်ကောင်းမလဲ ကောင်းမလဲ စဉ်းစားရင် လူသာ အဖိုးကြီးဖြစ်တော့မယ် .. ဝယ်ဖြစ်သေးဘူး.. ဒါပေမဲ့ ဒီဖုန်းကိုတော့ ကျွန်တော် မဝယ်ဘူးဆိုပြီး မနေနိုင်တော့ဘူး.. ဘာလို့လဲဆိုတော့ ကျွန်တော် လိုချင်တာ အကုန်လုံးနီးပါး ပါလို့ပဲ ဖြစ်နေတယ်..

အဓိကကတော့ Skype ကနေ သူငယ်ချင်းတွေကို ဖုန်းပြောလို့ရသလို၊ Skype out သုံးပြီး ပိုက်ဆံပေး ဖုန်းခေါ်လို့လည်းရပါတယ်။ Linux Base ဆိုတော့ ဆော့ဖ်ဝယ်တွေလည်း အများကြီး ထွက်လာမှာပါ။ Full Flash ပါတော့ ဝဘ်ဆိုဒ်တွေအကုန် အဆင်ပြေစွာ ကြည့်နိုင်မယ်လို့ထင်ပါတယ်။ မြန်မာဘလော့တွေ ဘယ်လိုနေမလဲ မသိသေးပါဘူး.. ဖောင့်တွေထည့်လို့ရတာတော့ ရှိမှာပါ။ Firefox လည်း အဆင်ပြေ၊ အားလုံးအဆင်ပြေတယ်လို့ဆိုလို့ရတဲ့ ဖုန်းပါပဲ။

ဖုန်းက အမှန် ဒီအပါတ်ရောက်ရမှာပါ။ ဒါပေမဲ့ နိုကီယာက သေချာအောင် အလုံး၃၀၀ ကြိုတင်ပြီး Nokia Developer တစ်ချို့ကို ကြိုပေးသုံးပြီး ဘယ်လိုမြင်သလဲ၊ ဘာတွေအမှားတွေ ရှိနေသေးသလဲဆိုတာ အကြံအဥာဏ် တောင်းပါတယ်။ အခု အချက်အလက်တွေ ပြန်ရတာမို့ ပြန်လည်ကောင်းမွန်အောင် လုပ်နေတယ်လို့ဆိုပါတယ်။ ဘာပဲပြောပြော နိုကီယာရဲ့ အဓိက နောက်ဆုံးထုတ် ကုန်ပစ္စည်းမို့ ဖြစ်သလို လုပ်လို့မရဘူးဆိုတာတော့ နိုကီယာ သိနေပါတယ်။ ခုဆို ပြိုင်ဘက်တွေကလည်း များ၊ တစ်ခုခု ချို့ရွင်းသွားရင် Maemo ရဲ့ ပထမဦးဆုံးထုတ် ပစ္စည်းတစ်ခု မျက်နှာမပျက်ရအောင်တော့ နိုကီယာလုပ်ရမှာပါ၊ ဒါမှလည်း နောင်လာမည့် Maemo ဖုန်းတွေ အောင်မြင်စွာ ဆက်ရောင်းလို့ရမှာပါ။

ဒီဖုန်းမှာ ထူးဆန်းတာတစ်ခုက Design in Finland ဆိုတာပါပဲ၊ နိုကီယာ ပစ္စည်းတော်တော်များများဟာ ဖင်လန်နိုင်ငံ ဆိုပြီး ပြောတာနည်းပါတယ်။ ဥပမာ Apple ဆိုရင် Design in California, Assembled in China ဒီလိုလုပ်ပါတယ်။ အရင်ဖုန်းတွေဖြစ်တဲ့ High Tech ဖုန်းတွေကတော့ ဂျပန် သို့ ဖင်လန်မှာ လုပ်ပါတယ်။ ယူရို ၄၀ တန်ဖုန်းတွေကတော့ ဥရောပမှာ လုပ်သလို၊ တရုတ်ပြည်မှာလည်း လုပ်ပါတယ်။ ခု N900 ကတော့ ဂျပန်မှာလည်း မလုပ်သလို၊ ဖင်လန်မှာလည်း မလုပ်ပါဘူး၊ ကြိုထုတ်ထားတဲ့ n900 တစ်ချို့ကတော့ တောင်ကိုရီးယား မှာ Assembled လုပ်ထားတာတွေ့ရပါတယ်။ ကျွန်တော့ဆီရောက်လာမည့် ဖုန်းကတော့ ဥရောပမှာ ဆင်တာလား၊ ကိုရီးယားမှာ ဆင်တာလား၊ အဖြေကတော့ လက်ထဲရောက်မှာပဲ သိမှာပါ။

ဖုန်းရဲ့ စွမ်းအား အသေးစိတ် သိချင်ရင် ဒီမှာ ဖတ်ကြည့်ပါ . internal memory က ၃၂ ဂစ်ပါပြီး ၁၆ ဂစ်ထပ်ထည့်လို့ရတယ်လို့ဆိုပါတယ်။




ဒီက ဖုန်းဆိုင်တစ်ခုက အပြောအရတော့ ၄၈ ပါတ်၊ ၁၁လပိုင်း လကုန်လောက် ရောက်မယ်လို့ ဆိုပါတယ်။ လိုချင်သူတွေဆိုတော့လည်း စောင့်ရတာကလွဲလို့ ဘာများတတ်နိုင်ဦးမလဲဗျာ.. ဖုန်းရောက်လာရင်တော့ အင်တာနက် ၂၄ နာရီ ဖုန်းကနေ သုံးလို့ရပါပြီ .. ဒါဆိုရင်တော့ ဟဲဟဲ.. မျက်မှန်ထက်ထူဖို့ရှိတယ်ပေါ့။

ဒီဖုန်းကို ဟိုတပါတ်က ဟယ်လ်စင်ကီရောက်တုန်းက သွားကိုင်ကြည့်ပါသေးတယ်။ အလေးချိန်ကတော့ နည်းနည်းလေးပါတယ်။ ကီပါတ်လေးတွေ သေးတယ်လို့တောင် ပြောမိသေးတယ်။ နိုကီယာ အရောင်းစာရေးကတော့ လူတွေက ဖုန်းကို သေးလည်း သေးချင်တယ်၊ စာလည်းရိုက်ချင်သေးတော့၊ အဆင်ပြေတဲ့ ဆိုဒ်လုပ်ထားရတာလို့ ဆိုပါတယ်။ ကျွန်တော်ကတော့ ဖုန်းကီဘုတ်ကို ကွန်ပျူတာ ကီးဘုတ်လောက် ရှိချင်တားp

ကဲ ဖုန်းကတော့ ဒီနှစ် ခရစ္စမတ်အတွက် လက်ဆောင်တစ်ခုအဖြစ် လူတွေ မျှော်လင့်နေကြပါတယ်။ တစ်ချို့ကလည်း ဖုန်းမှာ Skype ပါနေတာမို့ ဘာကြောင့်များ ရှေ့ကင်မရာကို အသုံးပြုပြီး၊ Skype Video Call ပါ လုပ်လို့ရအောင် နိုကီယာ မလုပ်တာလဲ။ ဒါမှမဟုတ် ဖုန်းရောက်လာတော့မှ Skype Video Call ပါ လုပ်လို့ရတာတွေ ဖြစ်လာနိုင်မလား။ ဘာပဲပြောပြော ဖုန်းဈေးကတော့ လပ်တော့ တစ်လုံး ဈေးနီးပါရှိပါတယ်။ ဈေးနှုန်းက ယူရို ၅၆၀ ဈေးပေါက်နေပါတယ်။

Maemo ကွန်ယက်မှာလည်း သွားရောက်လေ့လာနိုင်ပါတယ်။
Finland, France, Germany, Italy, Netherlands, Poland, Spain, Sweden, UK, USA မှာရှိတဲ့ နိုကီယာ အင်တာနက်ကွန်ယက်တွေကနေ N900 ကို ကြိုတင် မှာယူနိုင်ပါပြီ။ တစ်ချို့အော်ဆီတွေလည်း ဘာဖြစ်လို့ Australia မှာ လာမရောင်းသေးတာလဲဆိုပြီး နှာကစ်နေပါတယ်။
။ ။




ထိုက်မင်း
Hteinkmin.com


(This blog is property of Hteinkmin.com, and all contents herein are protected by creative common license. All photos are taken by Hteink Min unless stated otherwise)

အပြည့်ဖတ်မည်...

Thursday, 5 November 2009

Love........ အချစ်ဆိုတာ


Love........
အချစ်ဆိုတာ




Sometime you can't just ignore it..
တစ်ခါတစ်လေ ရှောင်ကျဉ်လို့မရဘူး
It just happen ...
ချက်ချင်း ဖြစ်သွားခဲ့တယ်...

Sometime you didnt look for it...
တစ်ခါတစ်လေ မရှာဖွေခဲ့ဘူး
It just appear ....
ရုတ်တရက် ပေါ်လာခဲ့တယ်..


Sometime you wanna control it
တစ်ခါတစ်လေ အချစ်ဆိုတာ
It has no boundary
ထိမ်းသိမ်းလို့မရတဲ့ ခြံစည်းရိုးမဲ့


Sometime you think it would last forever...
အချစ်ဆိုတာ သင် အမြဲတမ်းတည်မြဲမယ်လို့
It just didn't
ထင်ခဲ့ပေမဲ့ .. ဖြစ်မလာခဲ့


Sometime you don't wanna let it go..
တစ်ခါတစ်လေ သင် မစွန့်လွှတ်ချင်ပေမဲ့
But it's better to do so
အကောင်းဆုံးဖြစ်ဖို့အတွက် မငြင်းဆန်နိုင်ခဲ့ဘူး


Sometime you lost the battle of love
တစ်ခါတစ်လေ အချစ်တိုက်ပွဲကို ဆုံးရှုံးခဲ့တယ်
Sometime you feel guilty about it
ဒါတွေဟာ သင့်ကြောင့်ပါလားဆိုပြီး ယူကြုံးမရ
You ask yourself the questions..
မေးခွန်တွေ ပြန်မေးကြည့်တယ်
What is wrong with being in love?
ချစ်ကြိုက်မိတာ ဘာအမှားရှိလဲ...



။ ။




ထိုက်မင်း
Hteinkmin.com


(This blog is property of Hteinkmin.com, and all contents herein are protected by creative common license. All photos are taken by Hteink Min unless stated otherwise)

အပြည့်ဖတ်မည်...

Friday, 23 October 2009

Funny Finnish Parking Laws


Today I got parking ticket worth 200RM or 40euros. It was not fun at all, I felt like I was cheated.

Here is my full complaint back to the city council.
The Town of Jyvaskyla Date: 23.10.2009
PL 233, 40101
Jyvaskyla

Re: Appealing against the penalty charge and complain about the rules

Case: No : XXXXX
Car Type: XXXXX
Occurred Date: 23.10.2009 Time : 11:23

I am student and studying at Jyvaskylan ammattiopisto and our schooling time is more than 6 hours per day. I am commuting to school by car during winter and I have been extending my parking time, when it is expire. Example: My school starts at 8:30 and we have 10 min break after every 105minutes class, we all change the time during our break. I have been doing this for more than a month, and nobody charge a penalty nor at least warn about it. I was so surprised to get a penalty today whereby I called the center and was informed that I am not allowed to extend the parking hour at the same parking place. She suggested me to change the place with some other friend to avoid getting penalties.

As a resident of Jyvaskyla, I am appealing against this penalties fees on the following grounds:

1.I got my license in June 2009 to drive, and during the driving theory lessons, nobody informed me about the above situation, whereby I have to change the parking place with others during two hours period.
2.I have been living in Jyvaskyla, Finland for almost two years and nobody informed about this enforcement nor the Jyvaskyla city council provided me detailed information of what are the rights and prohibition for parking a car. Especially for new immigrants like us, who has little information about Finnish parking laws.
3.As a student, 40 euro penalties fees is almost 10% of my basic income for a month.
4.This is my only first penalty and as well as first time know such information on such prohibition of parking laws.
5.The law enforcement officer should warn first, as there are many foreign drivers do not even aware of this.
6.There are two lanes of unlimited parking next to the 2 hr limitation place. There is a one big van parked for over 2 months in those unlimited parking area. We all student aware of this, yet no enforcement officers remove the car for the students. Does the unlimited parking place for the unused car to be parked forever?
7.The parking rules and regulations should be made for easing the congestion, saving the environment, fuel and time. The above situation does not prevent any of those.

Student who need parking place for more than 6 hours needs to remove the car every two hours whereby a big unused Van parked for more than many months in the unlimited parking area. It does not make logical at all, therefore parking rules and regulation in the Sepanaukio area should be revised.

Looking forward your prompt response



ထိုက်မင်း
Hteinkmin.com


(This blog is property of Hteinkmin.com, and all contents herein are protected by creative common license. All photos are taken by Hteink Min unless stated otherwise)

အပြည့်ဖတ်မည်...

Wednesday, 23 September 2009

အမေဇုန်က ဈေးဝယ်မယ် amazon.co.uk



ကျွန်တော် ကဏန်းပေါက်စက်လိုလို့ အင်တာနက်မှာ ဘာဝယ်ရင်ကောင်းမလဲ လိုက်ရှာပါတယ်။ Casio FX-991ES ကို ရှာတွေ့ပါတယ်။ အင်တာနက်မှာ ဝယ်ရင် ဈေးကြီးတယ်လေ၊ ပို့တဲ့အချိန်နဲ့ စောင့်ရသေးတယ်ဆိုပြီး မြို့ထဲက စာအုပ်ဆိုင်မှာ ကြည့်တော့ ဒီစက်ကို တွေ့ပါတယ်။ ဈေးနှုန်းက ၃၆ ယူရိုဖြစ်နေပါတယ်။ အမေဇုန်က ဈေးက ပို့ခအပါအဝင် ယူရို ၂၂ ပဲ ကျပါတယ်။ ကဲ ဘယ်လောက်ကွာတယ်ဆိုတာ တွေ့တယ်နော်။ အမေဇုန်က ဝယ်တော့ အိမ်ကိုပို့ပို့ကို တစ်ပါတ်လောက်စောင့်ရပါတယ်။ အဓိက ကိုယ်ဝယ်တဲ့ နေရာက ဘယ်လောက်ဝေးသလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်က အင်္ဂလန် အမေဇုန်က ဝယ်ပါတယ်။ အမေဇုန် ယူကေ၊ ဂျာမဏီ၊ ဒိန်းမတ်၊ ပြင်သစ်စတာတွေရှိသလို၊ အမေဇုန် အမေရီးကား၊ အမေဇုန် ဂျပန်လည်း ရှိမယ်ထင်ပါတယ်။ ဒါပေမဲ့ အမေဇုန် ယူကေကတော့ အင်္ဂလိပ်လိုဆိုတော့ ကိုယ်လည်း ဘာသာ နားလည်ပါတယ်။ ဖင်လန်လိုနိုင်ငံမျိုးဟာ သူ့နိုင်ငံမှာ မထုတ်နိုင်သမျှ ပြင်ပတင်သွင်းတာကို အားကိုးရပါတယ်။ အခွန်ကလည်း ၂၂ရာခိုင်နှုန်းဆိုတော့ ဈေးကကြီးပါတယ်။ ဒီလို ကုန်ပစ္စည်းအဝင်အထွက် တင်သွင်းခ အခွံတွေကို လျှော့ကျစေဖို့ ဈေးကွက်စီးပွားရေး ဖွင့်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီတော့ ဥရောပအဖွဲ့ဝင်နိုင်ငံတွေကနေ စိတ်ကြိုက် ကြိုက်တဲ့ နိုင်ငံက ဝယ်ယူလို့ရသလိုဖြစ်နေပါတယ်။ ဥရောပ ဇုန်ရဲ့ ပြန်ပက ဝင်တဲ့ပစ္စည်းဆိုရင်တော့ ကုန်ပစ္စည်းတင်သွင်းခ အခွန်ထပ်မံပေးဆောင်ရပါတယ်။ ဒီတော့ အမေဇုန် ယူကေက ဝယ်ဖြစ်ပါတယ်။

ဝယ်ရာမှာ လိုအပ်တာကတော့ ခရက်ဒစ်ဒဒ် လက်ငင်းပေးကဒ်ဖြစ်စေ၊ အကြွေးကစ်လိုကဒ်မျိုးတွေနဲ့ ဝယ်ယူရပါတယ်။ သတိထားရမှာက အမေဇုန်ဆိုတာ သူကိုယ်တိုင်ရောင်းတဲ့ ပစ္စည်းလိုရှိသလို၊ လူပေါင်းစုံကလည်း အမေဇုန်မှာ လာရောင်းလို့ရပါတယ်။ အမေဇုန်မိခင်ဆိုင်က ဝယ်တယ်ဆိုရင်တော့ အတုအပ မစိုးရိမ်ရသလို၊ အခြားလူပေါင်းစုံ ရောင်းတဲ့ ပစ္စည်းဆိုရင်တော့ ကိုယ့်ပစ္စည်းဟာ စစ်ပါ့မလား စိတ်ပူရပါတယ်။


ဒါတွေကို လူတွေကလည်း ကော်မန့်ပေးနိုင်ပါတယ်။ ရောင်းသူဟာ ကောင်းသလား၊ ပစ္စည်းကောင်းသလား၊ ပစ္စည်းဆိုးသလား ကြိုက်ရင်ကြိုက်တယ်၊ မကောင်းရင်မကောင်းဘူးဆိုပြီး ရောင်းသူအားလုံးမှာ အမှတ်ပေးထားခံရတာတွေရှိပါတယ်။ ရောင်းသူဟာ ရောင်းသမိုင်းမကောင်းဘူးဆိုရင်တော့ မဝယ်ယုံပေါ့။ ကျွန်တော့ ကဏန်းပေါင်းစက်ကတော့ အမေဇုန်မိခင်ဆိုင်က ဝယ်ယူတာမို့ စိတ်မပူရတော့ပါဘူး။ အခြားဗြောက်သောက် ရောင်းသူတွေနဲ့လည်း ဈေးမကွာတာမို့ အမေဇုန်းမိန်းဆိုင်ကပဲ ဝယ်လိုက်ပါတယ်။ အမေဇုန်သဘောတရားဟာ ဈေးသယ်တွေကို အပြိုင်ပေးရောင်းတဲ့ သဘောဖြစ်ပါတယ်။ အဲဒီမှာ ဈေးအပေါဆုံးရောင်းသူကိုလည်း ရှာလို့ရပါတယ်။

အာဆီယံက နိုင်ငံတွေတော့ အမေဇုန်ပုံစံမျိုးလုပ်ဖို့ဆိုတာ ခဲယဉ်းပါသေးတယ်။ မြန်မာလိုနိုင်ငံမျိုး စစ်အစိုးရရှိနေသ၍ ခရက်ဒစ်ကဒ်ဆိုတာလည်း ရှိလာမို့ မဟုတ်သလို၊ ဈေးနှုန်းအပြိုင်အနိုင်ဆိုတဲ့ ဈေးကွက်ဟာလည်း ရှိမှာမဟုတ်ပါဘူး။ ခုဆိုကြည့်ပေါ့ဗျာ ၁၉၉၇ခုနှစ် ကားတွေကို သိန်း ၃.. ၄ ရာ ပေါက်တယ်ဆိုတာ ဘာတွေဖြစ်နေတယ်ဆိုတာ တွေ့နိုင်ပါတယ်။ မိုနိုပိုလီလုပ်နေတာပါ၊ စီးပွားရေးပိတ်စို့လို့လည်း မဟုတ်ပါဘူး၊ ဘာမှမဆိုင်ဘူး။ စစ်အစိုးရ ဈေးကွက်တွေကို လက်ဝါးကြီးအုပ်နေလို့ပါ။ ၁၉၉၇မော်ဒယ် ကားကို ကျွန်တော် ဒီမှာ မြန်မာငွေ ၁၅ သိန်းပဲ ပေးရတယ်ဆိုရင် မြန်မာပြည်က လူတွေ အံ့သြနေမယ်ထင်ပါတယ်။ ဘာပဲပြောပြော အာဆီယံရဲ့ လုပ်ဆောင်နေသေမျှ ၊ ကြိုးစားနေသမျှဆိုတာတွေဟာ ဒီမိုကရေစီလမ်းစဉ်အတိုင်း မသွားလို့ကတော့ နောက်ပြန်သွားနေတာနဲ့ တူတူပါပဲ။ အာဆီယံ နိုင်ငံသား အဖြစ်နဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့်ဆိုတာတော့၊ မြန်မာစစ်အစိုးရကို အားပေးနေသ၍တော့ လုံးဝမဖြစ်နိုင်တဲ့ ကိန်းပါပဲ။

ကျွန်တော်တို့ အာရှသားတွေဟာ၊ ဥရောပကို အတုယူပြီး၊ လုပ်သင့်တာကြာနေပါပြီ။ ဒါပေမဲ့ ဘာ့ကြောင့် ကရန်ဆူး(အရာတစ်ခုရှုံးမည်ဟု ကြောက်ရွံ့)ဖြစ်နေသလည်းဆိုတာကတော့ ၊ ဒီမိုကရေစီ အရင်းအမြစ် မရှိလို့ပါပဲ။ အာရှနိုင်ငံသားဖြစ်ပြီး၊ အာဆီယံနိုင်ငံသား အခွင့်အရေးအတွေ၊ ဥရောပနိုင်ငံသားတွေလို မရသေးတာကိုတော့ တွေးရင်း ကျွန်တော စိတ်မကောင်းဖြစ်မိပါတယ်။
။ ။




ထိုက်မင်း
Hteinkmin.com


(This blog is property of Hteinkmin.com, and all contents herein are protected by creative common license. All photos are taken by Hteink Min unless stated otherwise)

အပြည့်ဖတ်မည်...

Wednesday, 16 September 2009

သေနတ်ပစ်မည်ဆိုသဖြင့် ကျောင်းပိတ်


ဓါတ်ပုံ၊ ထိုက်မင်း

ဓါတ်ပုံ၊ Kuva: Jyrki Kauko (KSML)


ယနေ့ ကြာသာပတေးနေ့ (JAO- Jyvaskylan Aikuis Opisto)အာအိုကျောင်းခွဲများဖြစ်သည့် ယူဗာစကူးလားမြို့၊ စေပန်ကာတူလမ်းရှိ ဟာယူကျောင်း နှင့် စေပန်အထက်တန်းကျောင်းအား ပိတ်ပစ်လိုက်သည်။ ၄င်းကျောင်းတွင် ကျောင်းသားပေါင်း ၁၀၀၀ ကျော် အထက်တန်းဘာသာများ နှင့် လက်မှုဘာသာရပ်များကို သင်ယူနေသည့် ကျောင်းဖြစ်သည်။ ယမန်နေ့ညနေပိုင်းတွင် ကျောင်းသားများ နှင့် ၄င်းတို့၏မိဘများမှ အရေးပေါ်ဖုန်းနံပါတ်ဖြစ်သည့် ၁၁၂ သို့ ဆက်သွယ်ကာ၊ အင်တာနက်တွင် ပြန့်လွှင့်လျက်ရှိသော ခြောက်လှံ့စာများအကြောင်းကို ဆက်သွယ်မေးမြန်း အသိပေးခဲ့ကြသည်။ ၄င်းစာသည် မနှစ်တွင်ဖြစ်ပွားခဲ့သလိုပင် ကျောင်းတွင် ဗုံးဖောက်မည်၊ သေနတ်ပစ်မည်ဆိုသည့် ခြောက်လှံ့စာမျိုးဖြစ်သည်။


ယနေ့မနက်တွင် ရဲမှုးများနှင့် ကျောင်းအုပ်ထိမ်းသူများမှ အစည်းအဝေးလုပ်၍ ကျောင်းပိတ်လိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟုဆိုကာ ဆုံးဖြတ်ချက်ချခဲ့ကြသည်။ အာအိုကျောင်းခွဲဖြစ်သည့် အခြားသော ကျောင်းများသည် ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး၊ ကျောင်းသားများအနေနှင့် အခြားကျောင်းများတွင် နေ့လည်စာ သွားရောက်စားသောက်နိုင်သည်ဟုဆိုသည်။ အာအိုတွင် အလုပ်လုပ်ကိုင်နေကြသည့် ဆရာ၊ အလုပ်သမားများသည် အတတ်နိုင်ဆုံး အခြားကျောင်းခွဲများမှနေ၍ လက်ရှိအခြေအနေများကို ဆက်လက်လေ့လာလျက်ရှိပြီး၊ အကြောင်းထူးခြားပါက ကျောင်းသားများကို အမြန်ဆုံး အကြောင်းကြားနိုင်ရန် စောင့်ဆိုင်းလျက်ရှိသည်။ ယနေ့မနက်တွင်လည်း ကျောင်းသားများကို အိမ်တွင်နေကြရန်နှင့် ကျောင်းသို့ မလာရန် လက်ကိုင်ဖုန်းများသို့ အက်စ်အမ်အက်စ် စာတိုများ၊ အီးမေးလ်များ၊ ဖုန်းခေါ်ဆိုကာ အကြောင်းကြားခြင်းများ ပေးပို့ထားပြီး၊ ၄င်း၏ အင်တာနက်စာမျက်နှာတွင်လည်း ကျောင်းပိတ်ထားခြင်းကို ဖော်ပြထားသည်။

** ဒီနေ့ ကျောင်းသားတွေ ကျောင်းကို တစ်ယောက်မှ မရောက်ကြသေးလို့ တော်သေးတာပေါ့၊ ကျွန်တော်တို့ အလုပ်လုပ်ရတာ ပိုလွယ်ကူစေပါတယ်။ မနှစ်ကဆို ကျောင်းထဲမှာ ကျောင်းသားတွေရောက်နေတော့၊ တစ်ယောက်မှ ကျောင်းထဲမှာ မကျန်အောင် လိုက်စစ်ဆေးပြီးမှ ကျောင်းတံခါးတွေကို ပိတ်ပစ်ရတယ်**

မကြာခဏ ဖြစ်ပွားတတ်သည့် ကျောင်းတွင် သေနတ်ပစ်မှုများသည်၊ ၂၀၀၇ ခုနှစ် ၁၁ လပိုင်းတွင် တစ်ကြိမ်ဖြစ်ပွားခဲ့စဉ်က ကျောင်းသားနှင့် ဆရာ အယောက်ပေါင်း ၉ ယောက် သေဆုံးခဲ့ပြီး၊ ၁၂ ယောက်ထိခိုက်ဒဏ်ရာ ရခဲ့သည်။ ထပ်မံ၍ ၂၀၀၈ ခုနှစ် ၉ လပိုင်းတွင် ကျောင်းသား ဆရာပေါင်း ၁၁ ယောက် သေဆုံးခဲ့ကာ ၁ ယောက် ဒဏ်ရာရှိခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်မှုသည်၊ အခင်းမဖြစ်ပွားမီ သေနတ်ပစ်သူသည် အင်တာနက်တွင် အချိန်တိုဗီဒီယို နှစ်ခု ဖြန့်ပွားခဲ့သည်။ ပထမ ဗီဒီယိုသည် တောထဲတွင် သစ်ပင်အား သေနတ်ပစ်နေသည့် ဗီဒီယိုဖြစ်ပြီး၊ ထိုဗီဒီယိုကြောင့် ရဲများသည် ခေါ်ယူမေးမြန်းခြင်းပြုကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဒုတိယဗီဒီယိုသည် **မင်း အရင်သေမည်** ဟုဆိုသည့် ခေါင်းစဉ်ဖြင့် မြေကြီးထဲ့သို့ သေနတ်ပစ်နေသည့် ဗီဒီယိုဖြစ်သည်။ ရဲမှုးများသည် ၄င်းတို့ ထိုဒုတိယဗီဒီယိုကို ကြိုတင်သိရှိခဲ့ပါက ဤဖြစ်ခင်းကို ကာကွယ်နိုင်မည်ဟု ဆိုသည်။ ထိုသေနတ်ပစ်မှုများနောက် ဖင်လန်နိုင်ငံတွင် သေနတ်ပိုင်ဆိုင်မှု ဥပဒေကို ပြင်ဆင်ခဲ့ကြသည်။ သေနတ်ပိုင်ဆိုင်မှု ဥပဒေသစ်တွင်၊ သေနတ်ဝယ်ယူလိုပါက အနည်းဆုံး အသက် ၂၀ ဖြစ်ရမည်ဖြစ်ပြီး၊ သေနတ်ပိုင်ဆိုင်သူများ အဖွဲ့အစည်းများတွင် အနည်းဆုံး ၂ နှစ် လေ့ကျင့်သင်ကြားရမည်ဟုဆိုသည်။

ဖင်လန်တွင် သေနတ်ပိုင်ဆိုင်သူသည် ၆သိန်းကျော်ရှိပြီး၊ ကမ္ဘာတွင် သေနတ်ပိုင်ဆိုင်သူအများဆုံး နိုင်ငံများတွင် တတိယဖြစ်ပြီး၊ အများဆုံးဖြစ်သည့်နိုင်ငံများမှာ အမေရိကန် နှင့် ယဲမန် နိုင်ငံဖြစ်သည်။ ဖင်လန်နိုင်ငံတွင် သေနတ်ပိုင်ဆိုင်သူအများစုသည် နွေရာသီတွင် ငှက်ပစ်သူများဖြစ်ကြပြီး၊ ၄င်းငှက်သည် ဘဲနှင့်တူသည့် ဘဲအသေးစားမျိုးဖြစ်ပြီး ပျံသန်းနိုင်သည်။ ထို ငှက်ပစ်ခွင့်ကို အချိန်ကာလ နှင့် ခွင့်ပြုပြီး၊ ခွင့်ပြုထားသည့် နယ်မြေတွင်သာ သေနတ်ပစ်ခွင့်ရှိသည်။

ယနေ့ဖြစ်ရပ်သည် ဒုတိယအကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ပင် ၂၀၀၈ ခုနှစ် ၉လပိုင်းတွင် သေနတ်ပစ်ပွားမှုများဖြစ်ပွားပြီးနောက်၊ ယူဗားစကူးလားမြို့ရှိ အာအိုကျောင်းခွဲများတွင် အသက်အန္တရာယ်ပေးစေနိုင်သည့် ခြောက်လှံ့စာများ ဖုန်းများတွင် ပြန့်လွှင့်ခဲ့ခြင်းကြောင့် ကျောင်းတစ်ရက်ပိတ်ခဲ့ရသည်။ ရဲမှုးများ ကျောင်းများကို အခန်းလိုက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ အန္တရာယ်ဖြစ်စေနိုင်သည့် အရာများ မတွေ့ရှိသဖြင့် နောင်တစ်နေ့တွင် ကျောင်းကို ပြန်လည်ဖွင့်ပေးခဲ့သည်။ ယနေ့တွင်လည်း ရဲမှုးများ ကျောင်းခန်းများကို လိုက်လံ စစ်ဆေးနေသည်ဟု သိရှိရသည်။


။ ။
ထိုက်မင်း
Hteinkmin.com

(This blog is property of Hteinkmin.com, and all contents herein are protected by creative common license)

အပြည့်ဖတ်မည်...

Tuesday, 18 August 2009

Dear Mr President.





Dear Mr. President,
ချစ်လှစွာသော သမ္မတ
Come take a walk with me.
ကျွန်တော်နဲ့ လမ်းလျှောက်လည့်ပါ
Let's pretend we're just two people and You're not better than me.
ကျွန်တော်တို့ ပုံမှန်လူနှစ်ယောက်အဖြစ်နဲ့ တစ်ယောက်တစ်ယောက် မသာဘူးလို့ သက်မှတ်ကြမယ်။

I'd like to ask you some questions if we can speak honestly.
ပွင့်လင်းစွာပြောကြမယ်ဆိုရင်၊ ကျွန်တော် မေးခွန်းတစ်ချို့ မေးချင်တယ်။

What do you feel when you see all the homeless on the street?
လမ်းပေါ်မှာ အိုးမဲ့ အိမ်မဲ့လူတွေ တွေ့တဲ့အခါ မင်း ဘယ်လိုမြင်သလဲ။
Who do you pray for at night before you go to sleep?
မင်း အိပ်ယာမဝင်ခင် ဘယ်သူ့အတွက် ဆုတောင်းပေးသလဲ။
What do you feel when you look in the mirror?
မင်း မှန်ထဲ ပြန်ကြည့်တဲ့အခါ မင်း ဘယ်လိုခံစားရသလဲ။
Are you proud?
မင်း ဂုဏ်ယူပါသလား။


How do you sleep while the rest of us cry?
ငါတို့အားလုံး ငိုနေချိန်မှာ မင်းဘယ်လို အိပ်ဆက်နိုင်သလဲ။
How do you dream when a mother has no chance to say goodbye?
မိဘတစ်ယောက်က ကိုယ့်သားသမီးကို နောက်ဆုံး နှုတ်ဆက်ခွင့်မရနေတဲ့အချိန်မှာ မင်း အိပ်မက်တွေ မက်နိုင်သေးသလား။
How do you walk with your head held high?
မင်း ခေါင်းမော်ပြီး လမ်းလျှောက်နိုင်ပါသေးလား။
Can you even look me in the eye And tell me why?
ငါ့ရဲ့မျက်လုံးတွေကို မင်းဆူးစိုက်ကြည့်ပြီးတော့၊ ဘာ့ကြောင့်ဆိုတာ ဖြေလှည့်ပါ။

Dear Mr. President,
ချစ်လှစွာသော သမ္မတ
Were you a lonely boy?
မင်းဟာ တစ်ယောက်တည်းလား။
Are you a lonely boy?
မင်းဟာ အဖော်မဲ့နေလား။

How can you say No child is left behind?
ဘယ် ကလေးတစ်ယောက်မှ နောက်ကျမကျန်စေရဘူးလို့ မင်းမို့ ပြောရက်တယ်။
We're not dumb and we're not blind.
ငါတို့အားလုံး ဆွံ့အ နားမကြားတွေ မဟုတ်ဘူး
They're all sitting in your cells
သူတို့အားလုံး မင်းရဲ့ အကျဉ်းခန်းလေးတွေမှာ နေထိုင်နေကြပြီး
While you pave the road to hell.
မင်းကတော့ အကုသိုလ်ကမ္ဘာကြီးဆီကို လမ်းဖောက်နေတယ်။

What kind of father would take his own daughter's rights away?
ဘယ်လို ဖခင်မျိုးက သူ့သားသမီးရဲ့ အခွင့်အရေးတွေကို ယူသွားပါ့မလဲ။
And what kind of father might hate his own daughter if she were gay?
ဘယ်လို ဖခင်မျိုးက သူ့သားသမီး ဂေးဖြစ်နေတဲ့အခါ အမုန်းတရားတွေ ပွားနိုင်ပါ့မလဲ။
I can only imagine what the first lady has to say
ကျွန်တော် သမ္မတ ကတော် ဘာပြောမလဲဆိုတာကိုတော့ ခန့်မှန်းနိုင်ပါတယ်။

You've come a long way from whiskey and cocaine.
မင်းလည်း ဝီစကီ နဲ့ ဘိန်း လမ်းကနေ လျှောက်လှမ်းခဲ့သူပဲ လို့။

How do you sleep while the rest of us cry?
How do you dream when a mother has no chance to say goodbye?
How do you walk with your head held high?
Can you even look me in the eye?

Let me tell you 'bout hard work
အလုပ်ကြမ်း ဘဝဆိုတာ မင်းကို ပြောပြချင်တယ်
Minimum wage with a baby on the way
အနည်းဆုံး လခစားနဲ့ မကြာခင်မွေးတော့မည့် ကလေး တစ်ယောက်
Let me tell you 'bout hard work
အလုပ်ကြမ်း ဘဝဆိုတာ မင်းကို ပြောပြချင်တယ်
Rebuilding your house after the bombs took them away
ဗုံး ဖောက်ခံရပြီးနောက် ပြန်လည် တည်ဆောက်ကြမည့် အိုးအိမ်တွေ
Let me tell you 'bout hard work
အလုပ်ကြမ်း ဘဝဆိုတာ မင်းကို ပြောပြချင်တယ်
Building a bed out of a cardboard box
ကတ္ထုစက္ကူကို မွေ့ယာအဖြစ်နဲ့ တည်ဆောက်ကြသူတွေ
Let me tell you 'bout hard work
အလုပ်ကြမ်း ဘဝဆိုတာ မင်းကို ပြောပြချင်တယ်
Hard work
အလုပ်ကြမ်း ဘဝဆိုတာ
Hard work
အလုပ်ကြမ်း ဘဝဆိုတာ
You don't know nothing 'bout hard work
မင်းဟာ အလုပ်ကြမ်း ဘဝဆိုတာ ဘာမှ မသိပါဘူး
Hard work
အလုပ်ကြမ်း ဘဝဆိုတာ
Hard work
အလုပ်ကြမ်း ဘဝဆိုတာ
Oh

How do you sleep at night?
မင်း ဘယ်လိုအိပ်ပျော်သလဲ။
How do you walk with your head held high?
မင်း ဘယ်လို ခေါင်းမော်ပြီး လမ်းလျှောက်နိုင်သေးသလဲ။
Dear Mr. President,
ချစ်လှစွာသော သမ္မတ
You'd never take a walk with me.
မင်း ငါနဲ့ လမ်းလျှောက်မဝံ့ပါဘူး။
Would you?
မင်း လျှောက်နိုင်ပါသလား။
။ ။
ထိုက်မင်း
Hteinkmin.com

(This blog is property of Hteinkmin.com, and all contents herein are protected by creative common license)

အပြည့်ဖတ်မည်...